ဂုဏ်တော်ရှုပွားနည်း

ဂုဏ်တော်ရှုပွားတယ်ဆိုတာ ဗုဒ္ဓါနုဿတိပါပဲ။ သုဘူတိထေရ အပါဒါန်မှာ သမထဘာဝနာတို့မှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓနုဿတိကိုပွားများကြပါ။ ဤဗုဒ္ဓါနုဿတိပွားများရင် အလိုဆန္ဒရှိသမျှ ပြည့်စုံလိမ့်မည်လို့ ဘုရားရှင် အထင်အရှား ဟောကြားခဲ့ပါတယ်။ ဂုဏ်တော်ကိုရှုပွားလိုသူတွေဟာ—— ၁။ မိမိကြည်ညိုလေးမြတ်ရာ ဘုရားဆင်းတုတော်၊ ဒါမှမဟုတ်ဘုရားပုံရှေ့မှောက်မှာ ရိုသေစွာထိုင်ပြီး ဘုရားရှိခိုးပါ။ ၂။ ကမ္မဋ္ဌာန်းထိုင်နိုင်ပါတယ်။ အမျိုးသမီးများကတော့ တစောင်းထိုင်နိုင်ပါတယ်။ ကိုယ်ကိုမတ်မတ်ထားပြီးကြွက်သားများကို လျော့ချပါ။ ခြေနှစ်ဘက် မထပ်စေဘဲ ရှေ့နောက်ချထားပြီး သက်သက်သာသာ ဖြစ်အောင်ထိုင်ပါ။ ၃။ မြတ်စွာဘုရားရဲ့ ရုပ်ပုံတော်ကို မျက်စိထဲမှာ စွဲအောင် ကြည့်ပြီးမျက်စိမှတ်ကာ ဂုဏ်တော်များကို ဆင်ခြင်ပါ။ ရွတ်ပွားပါ။ ပုံတော်ကို ဂုဏ်တော်လွှမ်းခြုံပါ။ ပုံတော်ကို ဂုဏ်တော်သွင်းပါ။ အရဟံ = မြတ်စွာဘုရားဟာ တစ်ထောင့်ငါးရာ ကိလေသာတို့ ဝါသနာဓလေ့ အထုံငွေ့မျှ မဝေ့မသမ်းအောင် ကင်းဝေးစင်ကြယ်တော်မူလို့ လူနတ်ဗြဟ္မာတို့ရဲ့ ပူဇော်အထူးကို … Continue reading ဂုဏ်တော်ရှုပွားနည်း